GoX Myanmar GoX Myanmar · Rider
English မြန်မာ

GoX Myanmar Privacy Policy

ဤကိုယ်ရေးအချက်အလက် မူဝါဒသည် GoX Myanmar Rider / User မိုဘိုင်းအက်ပ်နှင့် သက်ဆိုင်ပါသည်။

Version 2026-08-13 · Updated 6 Oct 2026

၁။ နိဒါန်း

GoX Myanmar သည် ခရီးသည်များ (Users) နှင့် Driver Partner များအား ချိတ်ဆက်ပေးသော နည်းပညာ Platform တစ်ခုဖြစ်ပါသည်။

GoX Myanmar သည် အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များကို လေးစားတန်ဖိုးထားပြီး လုံခြုံစွာ စီမံခန့်ခွဲရန် ကတိပြုပါသည်။

ဤ Privacy Policy တွင် GoX Myanmar App အသုံးပြုစဉ် စုဆောင်းသော အချက်အလက်များ၊ အသုံးပြုပုံ၊ သိမ်းဆည်းပုံ၊ မျှဝေပုံနှင့် အသုံးပြုသူ၏ အခွင့်အရေးများကို ဖော်ပြထားပါသည်။

GoX Myanmar Application ကို အသုံးပြုခြင်းဖြင့် အသုံးပြုသူသည် ဤ Privacy Policy ကို ဖတ်ရှုနားလည်ပြီး သဘောတူကြောင်း မှတ်ယူပါသည်။

၂။ စုဆောင်းသော အချက်အလက်များ

GoX Myanmar သည် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်အတွက် အောက်ပါ အချက်အလက်များကို စုဆောင်းနိုင်ပါသည်။

၂.၁ ကိုယ်ရေးအချက်အလက်များ
အမည်
ဖုန်းနံပါတ်
Profile Photo
Email Address (ရှိပါက)
မွေးသက္ကရာဇ် (လိုအပ်ပါက)
၂.၂ ခရီးစဉ်ဆိုင်ရာ အချက်အလက်များ
Pickup Location
Destination Location
Trip History
Booking History
Ride Frequency
Cancellation History
၂.၃ Device Information
Device Model
Operating System Version
App Version
Device Identifier
IP Address
Crash Reports
Error Logs

၃။ တည်နေရာ (Location) အချက်အလက်များ

GoX Myanmar သည် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အသုံးပြုသူ၏ တည်နေရာအချက်အလက်များကို အသုံးပြုနိုင်ပါသည်။

Location Data ကို အောက်ပါ ရည်ရွယ်ချက်များအတွက် အသုံးပြုပါသည်။

အနီးဆုံး Driver ရှာဖွေရန်
Pickup Point သတ်မှတ်ရန်
ခရီးစဉ်လမ်းကြောင်း တွက်ချက်ရန်
ခရီးစဉ် လုံခြုံရေး မြှင့်တင်ရန်
Customer Support ဆောင်ရွက်ရန်

GoX Myanmar သည် App အသုံးပြုနေစဉ် Location Data ကို အသုံးပြုနိုင်ပါသည်။

၄။ Camera နှင့် Photo Access

GoX Myanmar Application သည် အောက်ပါ ရည်ရွယ်ချက်များအတွက် Camera သို့မဟုတ် Gallery Access ကို တောင်းခံနိုင်ပါသည်။

Profile Photo တင်ရန်
အထောက်အထား တင်ရန် (လိုအပ်ပါက)
Complaint တင်ပြရာတွင် ဓာတ်ပုံပူးတွဲရန်

အသုံးပြုသူ၏ ခွင့်ပြုချက်မရှိဘဲ Camera ကို အသုံးပြုမည် မဟုတ်ပါ။

၅။ ဖုန်းနံပါတ် အတည်ပြုခြင်း

GoX Myanmar သည် Account လုံခြုံရေးအတွက် OTP Verification စနစ်ကို အသုံးပြုနိုင်ပါသည်။

ဖုန်းနံပါတ်သည်

Account Verification
Login Authentication
Customer Support

တို့အတွက် အသုံးပြုနိုင်ပါသည်။

၆။ အချက်အလက်များကို အသုံးပြုသည့် ရည်ရွယ်ချက်

GoX Myanmar သည် စုဆောင်းထားသော အချက်အလက်များကို အောက်ပါ ရည်ရွယ်ချက်များအတွက် အသုံးပြုနိုင်ပါသည်။

Account ဖွင့်လှစ်ခြင်း
Booking ပြုလုပ်ခြင်း
Driver Matching
Trip Management
Customer Support
Notification ပေးပို့ခြင်း
Fraud Detection
Service Improvement
App Performance Monitoring
Security Monitoring
၇။ Driver Partner များနှင့် မျှဝေသော အချက်အလက်များ

ခရီးစဉ်တစ်ခု ဆောင်ရွက်နိုင်ရန် GoX Myanmar သည် Driver Partner များအား အောက်ပါ အချက်အလက်များကို မျှဝေနိုင်ပါသည်။

အသုံးပြုသူ အမည်
Pickup Location
Destination Location
ဆက်သွယ်ရန် ဖုန်းနံပါတ်

GoX Myanmar သည် အသုံးပြုသူ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို မလိုအပ်ဘဲ Driver Partner များထံ မျှဝေမည် မဟုတ်ပါ။

၈။ Third-Party Services

GoX Myanmar သည် ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် အောက်ပါ Third-Party Services များကို အသုံးပြုနိုင်ပါသည်။

Google Maps
Firebase
Cloudflare
SMS Gateway Services
Push Notification Services

ဤဝန်ဆောင်မှုများသည် ၎င်းတို့၏ Privacy Policy များနှင့်အညီ အချက်အလက်များကို စီမံခန့်ခွဲနိုင်ပါသည်။

၉။ အချက်အလက် မျှဝေခြင်း

GoX Myanmar သည် အသုံးပြုသူ၏ ကိုယ်ရေးအချက်အလက်များကို ရောင်းချခြင်း၊ ငှားရမ်းခြင်း သို့မဟုတ် စီးပွားရေးရည်ရွယ်ချက်ဖြင့် လွှဲပြောင်းခြင်း မပြုလုပ်ပါ။

သို့သော် အောက်ပါ အခြေအနေများတွင် မျှဝေနိုင်ပါသည်။

(က) ဥပဒေအရ တောင်းဆိုမှု
တရားရုံး
ဥပဒေစိုးမိုးရေးအဖွဲ့
အစိုးရအာဏာပိုင်များ

မှ တရားဝင်တောင်းဆိုလာပါက လိုအပ်သော အချက်အလက်များကို ပေးအပ်နိုင်ပါသည်။

(ခ) လုံခြုံရေးနှင့် Fraud စုံစမ်းစစ်ဆေးမှု

လိမ်လည်မှု၊ လုံခြုံရေးချိုးဖောက်မှု သို့မဟုတ် ဥပဒေမဲ့ လုပ်ဆောင်မှုများအား စုံစမ်းစစ်ဆေးရန် လိုအပ်ပါက အသုံးပြုနိုင်ပါသည်။

၁၀။ Data Security

GoX Myanmar သည် အသုံးပြုသူများ၏ အချက်အလက်များကို ကာကွယ်ရန်

Secure Authentication
Password Protection
Access Control
Encryption Technology
Secure Cloud Infrastructure

တို့ကို အသုံးပြုပါသည်။

သို့သော် Internet ပေါ်ရှိ Data Transmission များ၏ လုံခြုံမှုကို ၁၀၀% အာမခံနိုင်မည် မဟုတ်ပါ။

၁၁။ Data Retention Policy

GoX Myanmar သည် အောက်ပါ အချက်အလက်များကို လုပ်ငန်းလိုအပ်ချက်နှင့် ဥပဒေဆိုင်ရာ လိုအပ်ချက်များအရ သိမ်းဆည်းထားနိုင်ပါသည်။

Booking Records
Trip History
Customer Support Records
Complaint Records
Security Logs
Payment Records (ရှိပါက)
၁၂။ အသုံးပြုသူ၏ အခွင့်အရေးများ

အသုံးပြုသူသည် အောက်ပါ အခွင့်အရေးများ ရရှိမည်ဖြစ်ပါသည်။

မိမိ၏ အချက်အလက်များကို ကြည့်ရှုခွင့်
ပြင်ဆင်ခွင့်
Update ပြုလုပ်ခွင့်
အချက်အလက် ဖျက်သိမ်းရန် တောင်းဆိုခွင့်
Account ပိတ်သိမ်းခွင့်
၁၃။ Account ဖျက်သိမ်းခြင်း

အသုံးပြုသူသည် မိမိ၏ GoX Myanmar Account ကို ပိတ်သိမ်းလိုပါက GoX Myanmar Support Team သို့ ဆက်သွယ်၍ တောင်းဆိုနိုင်ပါသည်။

Account ဖျက်သိမ်းပြီးနောက်တွင်လည်း

Trip Records
Security Logs
Complaint Records
Legal Compliance Records

တို့ကို ဥပဒေအရ လိုအပ်သည့် ကာလအထိ ဆက်လက်သိမ်းဆည်းထားနိုင်ပါသည်။

၁၄။ ကလေးသူငယ်များ၏ ကိုယ်ရေးအချက်အလက်

GoX Myanmar Application ကို အသက် (၁၈) နှစ်အောက်သူများ အသုံးပြုရန် ရည်ရွယ်ထားခြင်း မရှိပါ။

အသက် (၁၈) နှစ်အောက်သူ၏ အချက်အလက်များ စုဆောင်းထားကြောင်း တွေ့ရှိပါက သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ်ပါသည်။

၁၅။ Privacy Policy ပြင်ဆင်ခြင်း

GoX Myanmar သည် လုပ်ငန်းလိုအပ်ချက်၊ နည်းပညာပြောင်းလဲမှုများ သို့မဟုတ် ဥပဒေဆိုင်ရာ လိုအပ်ချက်များအရ ဤ Privacy Policy ကို အချိန်မရွေး ပြင်ဆင်နိုင်ပါသည်။

ပြင်ဆင်မှုများအား App၊ Website သို့မဟုတ် အခြား ဆက်သွယ်ရေးနည်းလမ်းများမှတစ်ဆင့် အသိပေးသွားမည် ဖြစ်ပါသည်။

၁၆။ ဆက်သွယ်ရန်

GoX Myanmar Company

Customer Support Phone : 09740020045,09740020059
Email : goxmyanmar@gmail.com
Official Facebook Page: https://www.facebook.com/goxmyanmar
Head Office Address: 3/2 Street, Daung Kwat, Pyay Myo Thit, Pyay City.

အရေးကြီးသော ကြေညာချက်

GoX Myanmar သည် ခရီးသည်များနှင့် Driver Partner များအား ချိတ်ဆက်ပေးသော နည်းပညာ Platform တစ်ခုဖြစ်ပြီး သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို တိုက်ရိုက်ပေးအပ်သူ မဟုတ်ပါ။ Driver Partner များသည် GoX Myanmar Company ၏ ဝန်ထမ်းများ မဟုတ်ဘဲ လွတ်လပ်သော မိတ်ဖက်ဝန်ဆောင်မှုပေးသူများ (Independent Partners) ဖြစ်ကြပါသည်။